လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်

လားရှိုး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေ ဝါသနာရှင်များက  ဩဂုတ်လ(၇)ရက်နေ့ ခေတ်ပုံရိပ် သတင်းနှင့် ရသစုံဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ခမ်းယု(ငွေလမင်း) ရေးသားထားသော အရက်စွဲနာရောဂါအကြောင်း ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)နှင့် Book Club အဖွဲ့ဝင်များ၊ ဆောင်းပါးရှင် ခမ်းယု(ငွေလမင်း)တို့က ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ အ​ပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက ဆောင်းပါးရှင် ခမ်းယု(ငွေလမင်း)အား ဆောင်းပါးနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ဆောင်းပါးရှင်က စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး