မင်းဘူးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံသို့ မကွေးစက်မှုလက်မှု သိပ္ပံမှကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

မင်းဘူး စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ မကွေးအစိုးရ စက်မှုလက်မှုသိပ္ပံမှ ကျောင်းသား၊ ကျောင်းသူများကြီးကြပ်သူ ဆရာ၊ ဆရာမများ ယမန်နေ့ နံနက် ၉ နာရီအချိန်က လာရောက်လေ့လာခဲ့ကြသည်။

 ဆက်လက်၍ မင်းဘူးမြို့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံမှ အင်ဂျင်နီယာမှူး ဦးစောရင်မွေးက ရုပ်မြင်သံကြားထုပ်လွှင့်မှုတွင်  Analogue နှင့် Digital နှစ်မျိုးရှိပြီး Analogue ရုပ်သံလိုင်းတွင် ၁၀ ကီလိုဝပ်၊ Digital DVB T2စနစ်တွင် ၃ ကီလိုဝပ်အပြင် FM Radio  ထုတ်လွှင့်ပုံများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

 ထိုကဲ့သို့ လေ့လာရာတွင် မကွေးမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံမှ ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး၊ ကြီးကြပ်သူ ဆရာ၊ ဆရာမ ၃ ဦးနှင့် စုစုပေါင်း ၂၅ ဦး လာရောက်လေ့လာ ခဲ့ကြရာတွင် ကျောင်းသား၊ ကျောင်းသူများက စက်ပိုင်းဆိုင်ရာများ၊ အဆင့်ဆင့် ရုပ်သံထုတ်လွှင့်ပုံများ၊ ဂြိုလ်တုမှဖမ်းယူ၍ ဒေသတွင်း ပြန်လည် ထုတ်လွှင့်ပေးပုံများနှင့် Digital နှင့် Analogue ရုပ်သံလိုင်း နှစ်မျိုးကို လေ့လာရာတွင် မိမိတို့ သင်ယူထားသော ဘာသာရပ်နှင့် စက်စပ်နေတဲ့အတွက် များစွာအထောက်အကူ ဖြစ်ပါကြောင်းနှင့် အခုလိုစက်ပိုင်းဆိုင်များ ရုပ်သံလိုင်း အဆင့်ဆင့် ထုတ်လွှင့်ပုံများကို လိုက်လံရှင်းလင်းပြသ ဖြေကြား ပေးသော အင်ဂျင်နီယာမှူး ဦးစောရင်မွေးအား အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဇေယျာထက်(မင်းဘူး)