သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကျင်းပ
Sep 18,2022
၂၀၂၂ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို စက်တင်ဘာ ၁၈ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်၊ မြရည်နန္တာလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ်အသင်းခွဲရုံး၌ ကျင်းပကြောင်း သိရှိရသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ကျောက်ဖြူခရိုင်မှ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင် များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းနားပြုလုပ်
Sep 18,2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ကျောက်ဖြူခရိုင်မှ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဆုရရှိခဲ့သူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက် ခဲ့ကြသည်။
ငွေဆောင်မြို့၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ငွေဆောင်မြို့၊ သဇင်ကျေးရွာ၊ စာသင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်
Sep 18,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် ပညာသင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံး အခြေခံပညာ အထက်တန်းကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ကျေးရွာအုပ်စု စုပေါင်းသံဃနာယကအဖွဲ့ဆိုင်းဘုတ်တော်ဖွင့်ပွဲကျင်းပ
Sep 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မရမ်းဝကျေးရွာအုပ်စု၊ ဂွကလေးကျေးရွာ၊ မှော်ဘီစုကျေးရွာအုပ်စုများတွင် သာသနာတော်စည်ပင် ပြန့်ပွားရေးနှင့် သာသနာရေးရာ ကိစ္စရပ်များကို ပေါ်ပေါက်လာပါက အမြန်ဆုံး ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု စုပေါင်းသံဃနာယကအဖွဲ့ ဆိုင်းဘုတ်တော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီက ထနိပါတ်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်း​​တွင် ကျင်းပပြုလုပ်ခဲ့သည်။
မလှိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Sep 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ယာကြီးကုန်းကျေးရွာအုပ်စု၊ ယာကြီး ကုန်းကျေးရွာ မဟာမင်္ဂလာစည်တော်ကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ကာယဉာဏဖွံ့ဖြိုးရေး၊ အသိပညာပေး နံရံကပ်စာစောင်ပြသပွဲပြုလုပ်
Sep 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာပေးနံရံကပ် စာစောင်ပြသပွဲကို ယနေ့နံနက်(၉) နာရီအချိန်က အဆိုပါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံး သာသနာပြုလျက်ရှိသော သံဃာတော်များနှင့် သီလရှင် ဆရာလေးများအား ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ခေါက်ဆွဲခြောက်နှင့် အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခ
Sep 18,2022
ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံး သာသနာပြုလျက်ရှိကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊သုခိတာရုံသာသနာပြု သီလရှင်ကျောင်း၊ သိန်းရတနာဓမ္မာရုံ၌ ကျင်းပသည်။