သတင်းများ

လပွတ္တာမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်
Sep 18,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂ဝ၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ မောင်းဒီးကျေးရွာအုပ်စု၊ ဂေါင်းတိုကျေးရွာတွင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရွှေတောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် Social Media အသုံးပြုမှုဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်
Sep 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Social Media အသုံးပြုမှုဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်လှစ်
Sep 18,2022
ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်တွင် ဆိုလာစနစ် ရေသွင်းစိုက်ပျိုးခြင်းဖြင့် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်စိုက်ပျိုး
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေး ကျေးရွာတွင် ဆိုလာစနစ် ရေသွင်းစိုက်ပျိုးခြင်းဖြင့် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(Community Centre)တောင်ကြီးသို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျာင်းမှ ကျောင်းသား/သူများ လာရောက်လေ့လာ
Sep 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ဆိုက်ခေါင်မှ ကျောင်းသား/ကျောင်းသူများသည် ယမန်နေ့ညနေ (၅)နာရီက တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးသို့ လာရောက် လေ့လာကြသည်။
ထန်းတပင်မြို့နယ်တွင် ကိုရီးယားဘာသာ အခြေခံရေးသားနည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက် 
Sep 18,2022
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကိုရီးယားဘာသာအခြေခံရေးသားနည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ကလည်းသင်တန်းကို အဆိုပါခန်းမတွင် ဆက်လက်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်ဆေးရုံ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် မုံရွာတက္ကသိုလ်ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ Quarantine Centre နှင့် Positive Centre လူနာဆောင်အား ကြည့်ရှုစစ်ဆေး
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ဆေးရုံ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ခြင်များမပေါက်ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေး လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ သည်။
စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Sep 18,2022
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် ဝေဠုဝန်(တောင်) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။