ကျောက်ဆည် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် မျိုးစေ့ထုတ်စိုက်ဧက(၂၀၀)အပါအဝင် နေကြာသီးနှံ(၃၁၉၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၂၆၈၇)ဧကစိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ နေကြာသီးနှံများစိုက်ပျိုးရာတွင် ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-ငါးဆူ-ရှားပင်- ကျေးရွာအုပ်စုများတွင်(၈၉၃)ဧက၊ ဒါန်းတိုင်-ရန်ဘက်လို-ပေတော-ဘုံကွင်း-စင်းကွန်း ကျေးရွာ အုပ်စုများတွင် (၁၆၀)ဧက၊ လက်ပံပင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံ ကျေးရွာအုပ်စုများတွင် (၅၄)ညောင်ရွှေ-သင်ပုတ်-ဇရပ်ဖြူ ညောင်ရွေ- သင်ပုတ်-ဇရပ်ဖြူ-ငါးအိုး- အနောက်ရွာနန်း- လက်ပန်- ညောင်ဝန်း- ကြောင်ပန်းကုန်း ကျေးရွာ အုပ်စုများတွင် (၇၇)ဧက၊ တောင်နောက်-သင်တောင်း-အင်တိုင်း-ပြည်ပန်း-ဖောင်ရွာ-ကြက်မင်းတွန်-ပတ္တာ-ပင်တလည်-သမန္တလင်း-မြင်းကဘက်-မုန့်ပေါင်း-လက်ပန်ဇင်ကျေးရွာ အုပ်စု များတွင် (၁၃)ဧက၊ အရှေ့ငယ်တိုး-ထန်းဇင်တော်-ငှက္ကတောင်-ရွှေဓား-ရဲဘော်ကြီး ကျေးရွာ အုပ်စုများတွင် (၄၅)ဧက၊ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ-သရက်ပင်-ရဲ-ကြောင်-ဇရစ်ခဲ-အုန်းကြော-ကြက်သားဟင်း ကျေးရွာအုပ်စုများတွင် (၅၁) ဧက၊ သင်္ဂတုံ၊ အရှေ့ သာဂရ၊ ကလေး၊မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်းကျေးရွာအုပ်စုများတွင် (၁၀၁၅)ဧက၊ ရဲမအူ-စိုင်မလန်း-ကိုပင်-အင်ရောင်း-ကလိုင်ကျော် ကျေးရွာအုပ်စုများတွင်(၅၈)ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တော်တွင်-မြေစိုကျေးရွာအုပ်စုများတွင် (၁၀)ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်း ကျေးရွာအုပ်စုများတွင်(၃၈)ဧက၊ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်းကျေးရွာ အုပ်စုများတွင် (၂၂၈)ဧက စုစုပေါင်း (၂၆၈၇) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နေကြာသီးနှံများအောင်မြင်စေရေး တောင်သူများနှင့်ပူးပေါင်းကာ ဒေသနှင့်ကိုက်ညီပြီး တောင်သူများနှင့် ပူးပေါင်းတောင်သူများနှင့် ပူးပေါင်းအောင်မြင်ဖြစ်ထွန်းသည့် မျိုးစေ့များဖြန့်ဖြူးပေးလျက်လျက်ကြောင်းနှင့် မျိုးစေ့ဖူလုံ ပိုလျှံရေး တောင်သူများနှင့် ပူးပေါင်း မျိုးစေ့ထုတ် စိုက်ခင်း(၂၀၀)ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။
သက်မောင်