သတင်းများ

နမ့်ဆန်မြို့နယ် သမဝါယမအသင်းစု၏ဘဏ္ဍာရေး နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Sep 19,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ / ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ်-၁ အခြေခံပညာမူလတန်းကျောင်း ရုံးခန်းမ၌ ကျင်းပခဲ့သည်။
(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 19,2022
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့များမှ ယမန်နေ့နံနက် ၇ နာရီက တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု သွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ဈေးတွင် ပြုလုပ်ခဲ့သည်။
စလင်းမြို့ မြင်တင်ရပ်မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော် စိုက်ထူခြင်းအခမ်းအနား
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပန္နက်တော်စိုက်ထူခဲ့ကြောင်း သိရှိသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီလင်းဇွဲကျေးရွာ အ‌ခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်
Sep 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လင်းဇွဲမဲဇလီကျေးရွာအုပ်စု၊ မဲဇလီလင်းဇွဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မဲဇလီလင်းဇွဲကျေးရွာ အထက်တန်းကျောင်းခွဲ အရှေ့မျက်နှာစာ၌ ကျင်းပသည်။
လမ်းမတော်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား  စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက်ရောင်းချ
Sep 18,2022
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်   အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ  ယနေ့နံနက် ၈ နာရီအချိန်ခန့်က လမ်းမတော်မြို့နယ် မော်တင်ယာယီစျေးရပ်ကွက်၊ စဉ့်အိုးတန်လမ်းရှိ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို  စျေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်
Sep 18,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာရှိ တောင်သူဦးစိုးနိုင်၏ ကွင်းအမှတ်(၉၈၈)တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက် ကြည့်ရှုခဲ့သည်။
လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၅၈၀၀ ကျပ်ဖြင့် ရောင်းချ
Sep 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက် လက်လီလက်ကားစနစ်ဖြင့် ဆီ (၁) ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့် ယနေ့မွန်းလွဲ(၁၂)နာရီက မြို့မဈေးကြီးအနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။