သတင်းများ

တောင်ငူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာမ မြမြဆွေ (စိတ်ပညာ)ရေးသားသည့်'' စိတ်အတောင်ပံဖွင့်မြင့်မြင့်ပျံမယ်'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Sep 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာမ မြမြဆွေ(စိတ်ပညာ)ရေးသားသည့်'' စိတ်အတောင်ပံ ဖွင့်မြင့်မြင့်ပျံမယ်'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ် (Community Centre)၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်
Sep 18,2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခမ်းအနားမှူး သင်တန်း(၁/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုခန်းမ(Community Centre)၌ ဖွင့်လှစ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် မိုးစပါး စိုက်ပျိုးသည့် တောင်သူ(၅၃၅)ဦးအတွက် ဈေးနှုန်းချိုသာသည့် ယူရီးယားဓါတ်မြေဩဇာများ ဒုတိယအကြိမ် ဖြန့်ဖြူးပေးခဲ့
Sep 18,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စပါးသီးနှံစိုက်ပျိုးမှုနှင့် မိုးစပါးစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်သည့် တောင်သူများအဆင်ပြေစေရန်အတွက် ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယနေ့နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (ဒုတိယ) အကြိမ်အဖြင့် တောင်သူ (၅၃၅)ဦးအား ယူရီးယားဓါတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားသည့် အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်း အောင်မြင်ဖြစ်ထွန်း
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ယခုနှစ်မိုးရာသီတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်အတွက် အကောင်အထည်ဖော် စိုက်ပျိုးထားရှိသည့် ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီး ပန်းဆေးကန်ဘုရားအနီး အထူးစိမ်းလန်း စိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းမှာ ယခုအခါ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရကာ ယမန်နေ့က မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများက အရိပ်ရပင်များ ပိုမိုရှင်သန် ဖွံ့ဖြိုးစေရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Sep 18,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာ ဆရာနန္ဒာသိန်းဇံ၏ အသွန်သဏ္ဍာန်စာအုပ်မှ အချန်မီ မီးငြိမ်းသတ်နိုင်ခြင်း   ဆောင်းပါးဖြင့် ဆွေးနွေးခဲ့သည်။
ကုန်ကျစရိတ်သက်သာသည့် သဘာဝသစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲမှု တွင်ကျယ်လာ
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ဓါတ်မြေဩဇာဈေးကြီးမြှင့်လာကာ  ကုန်ကျစရိတ်များ ပိုမိုများပြားလာသောကြောင့် စိုက်ပျိုးရေးဦးစီးဌာ၏ နည်းပညာပံ့ပိုးမှုများနှင့်အညီ သဘာဝ သစ်စိမ်းမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲလာကြကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
မိုင်းယောင်း၌ နှာခေါင်းစည်းကမ်ပိန်းဆောင်ရွက်
Sep 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ကို မိုင်းယောင်း မြို့နယ်အမှတ်(၆)ရပ်ကွက်၌ ယနေ့ပြုလုပ်ပြီး နှာခေါင်းစည်းများ အခမဲ့ဝေငှ ပေးခဲ့သည်။
ချောင်းဦးမြို့ ရပ်ကွက်များရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များ  လှည့်လည်ရောင်းချပေး
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့် ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ  ချောင်းဦးမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးကော်မတီမှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက်  စားသောက်ကုန်များကို  အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့်  နေ့စဉ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ချောင်းဦးမြို့ မြို့သစ်ရပ်ကွက်တွင် ရောင်းချပေးခဲ့ကြရာ အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူများ ဝမ်းမြောက်စွာ လာရောက်ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။