ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Sep 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း Sinopharm ပထမအကြိမ် ထိုးနှံသူ (၁၉)ဦး၊ အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း Sinopharm ပထမအကြိမ် ထိုးနှံသူ(၁၉)ဦး၊ တတိယအကြိမ် Sinopharm ထိုးနှံသူ(၂၀၅)ဦး၊ (၆) လပြည့်ပြီး စတုတ္ထအကြိမ် Sinovoc ထိုးနှံသူ (၄၄)ဦး တို့အား ယမန်နေ့ နံနက် ၉:၀၀ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။