ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ်ဆိုင်းဘုတ်တော်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ တောကျောင်းကျောင်းတိုက် ပရိဝုဏ်အတွင်းတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသော ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ် ဆိုင်းဘုတ်တော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက်(၉)နာရီက တောကျောင်း ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့ရာ ဒေးဒရဲနိကာယ် ဗုဒ္ဓကောလိပ် သြဝါဒါစရိယဆရာတော်များ၊ သင်ကြားစီမံ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကဗ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။