ကဝ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ အများဆုံးလူကုန်ကူးခံရသောနိုင်ငံများ၊ ကျား/မ လူကုန်ကူးခံရမှုအခြေအနေ၊ မြန်မာနိုင်ငံနှင့် လူကုန်ကူးမှုအခြေအနေ၊ တရုတ်အမျိုးသားများနှင့်လက်ထပ်ရန် မြန်မာ အမျိုးသမီးများအား ရောင်းစားခြင်း၊ ကလေးသူငယ်များအား မွေးစားရန် ရောင်းစားခြင်း၊ ငါးဖမ်းသင်္ဘောများတွင် အဓမ္မခိုင်းစေခြင်း၊ လုပ်အားခများခေါင်းပုံဖြတ်ခြင်း စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)