သတင်းများ

နောင်တရားမြို့လက်ဖက်အချိုခြောက်စက်ရုံနှင့် အာလူးအအေးခန်းစက်ရုံသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာ
Sep 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ တည်ဆောက်ထားသည့် လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံ၊ အာလူးအအေးခန်းစက်ရုံသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ဆိုက်ခေါင်နှင့် ပင်လောင်းတို့မှ ကျောင်းသားကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ရပ်ကွက် ၊ကျေးရွာနှင့် စည်ပင်သာယာစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask Campign အသိပညာပေး ဆောင်ရွက်
Sep 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့အတွင်း အ​ခြေခံပညာမူလတန်းကျောင်းသူ၊ ကျောင်းသားများနှင့် စျေးများအတွင်း စျေးရောင်းစျေးဝယ်သူများ အသွားအလာပြည်သူများတို့ကို ယမန်နေ့နံနက် ၉ နာရီတွင် Mask Campaign များ ပြုလုပ်၍ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး
Sep 18,2022
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား/ ကျောင်းသူ များ၏ စွမ်းရည်မြှင့်ပြိုင်ပွဲကျင်းပ
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commynity Centre)တွင် ကျောင်းသား/ကျောင်းသူများ၏ စွမ်းဆောင်ရည်မြှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ခန္တီးခရိုင် Communinty Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့ဝင်များနှင့် ဆရာဦးဝင်းတင်ရေးသားထားသော " ကိုယ်သာလျှင်ကိုယ့်ဘဝသခင် " စာအုပ်ဖြင့်  စာဖတ်ဝိုင်းနွေးဆွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မန္တလေးမြို့ဘူတာကြီးတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 18,2022
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်(၉)နာရီက ကဥ္စနမဟီရပ်ကွက်ရှိ မန္တလးဘူတာကြီးတွင် ရထားခရီသွား ပြည်သူများအား နှာခေါင်းစည်းများ (Mask) အခု(၁၅၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ “သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဆိုင်းဘုတ် စိုက်ထူ
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး-သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့ ” ဆိုင်းဘုတ်အား ခရိုင်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းနှင့်ဘူတာလမ်းဆုံ ရွှေယက္ခကန်၏ အရှေ့တောင်ထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ဟိုပန်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 18,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီမှ အိုမီကရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများအား ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူစည်ကားရာနေရာဖြစ်ပြီး ဟိုပန်မြို့၏ ငါးရက်တစ်ဈေးဖြစ်သည့်  မြို့မဈေးကြီးအရှေ့၊ ဈေးနေ့ကျရောက်သည့် ယမန်နေ့နံနက်(၇)နာရီ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။