သတင်းများ

ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ ဇာတ်တိုက်လေ့ကျင့်
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့ညနေ (၃)နာရီခွဲအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့၊ အုန်းတော (၂)ရပ်ကွက်၊ ဘဝနတ်နန်း စံမြန်းတော်မူသွားသော ရတနာစည်ပင်သာယာကျောင်း ဦးစီးပဓာနနာယက ဘဒ္ဒန္တ ဓမ္မေသက (သက်တော် ၇၃ နှစ်၊ ဝါတော် (၅၃)ဝါ) ၏ အန္တိမအဂ္ဂိစျာပန ပူဇာသဘင်အခမ်းအနား ကျင်းပ
Jan 18,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အုန်းတော (၂) ရပ်ကွက်၊ ဘဝနတ်နန်း စံမြန်းသောမူသွားသော ရတနာစည်ပင်သာယာကျောင်း ဦးစီးပဓာနနာယက ဘဒ္ဒန္တဓမ္မေသက (သက်တော် ၇၃ နှင့်၊ ဝါတော် (၅၃)ဝါ) ၏ အန္တိမအဂ္ဂိစျာပန ပူဇာသဘင်အခမ်းအနားကို ယမန်နေ့ နေလယ် (၃) နာရီအချိန်က ရတနာစည်ပင်သာယာကျောင်း၌ ပြုလုပ်ခဲ့သည်။
မြဝတီမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jan 18,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ (၁)နာရီက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။
ဝါးခယ်မမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားရေးအတွက် လူငယ်စကားဝိုင်းနှင့် လူငယ်​ရေးရာ အသိပညာပေး​​ဟော​ပြောပွဲ ဆောင်ရွက်
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူး​ပေါင်း၍ စာဖတ်ရှိန်မြင့်မား​ရေးနှင့် ဗလငါးတန် ဖွံ့ဖြိုး​စေရန်အတွက်​ အ.ထ.က (ဝဲကြီး) ကျောင်းသို့ သွား​ရောက်၍ လူငယ်စကားဝိုင်းနှင့် လူငယ်​ရေးရာအသိပညာ​ပေး​ ဟော​ပြောပွဲကို ​ယ​မန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
မိုင်းဖြတ်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းရောင်ခြည် စာကြည့်တိုက်ဖွင့်လှစ်
Jan 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းရောင်ခြည်စာကြည့်တိုက် အဆောက်အအုံ သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက နမ့်ယွန်းကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်း (ခွဲ) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jan 18,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က (ခွဲ) ကျာင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်များပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြာင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် Grade (9) သင်ယူပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် အခြေခံပညာအလယ်တန်းဆင့် Grade (9) သင်ယူပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(အဖျောက်) ငုချယ်ရီခန်းမတွင် ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်‌ မယ်လမုစေတီတော် ဘုရား၀င်းအတွင်း မျက်စိဝေဒနာရှင်များအား "မရှိ၍မလင်းသူမရှိစေရ" ကွင်းဆင်း‌ဆေးကုသပေး
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူပေါင်းဆောင်ရွက်သည့် မျက်စိဝေဒနာရှင်ပြည်သူများအတွက် "မရှိ၍မလင်းသူမရှိစေရ" ဆေးကုသပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန် ဆုတောင်းပြည့် မယ်လမုဘုရား၀င်း၊ သာသနာ့ဗိမာန် (၃)ထပ်ဆောင်တွင် ကွင်းဆင်းကုသမှု ပြုလုပ်ပေးခဲ့ကြသည်။