ဝါးခယ်မမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားရေးအတွက် လူငယ်စကားဝိုင်းနှင့် လူငယ်​ရေးရာ အသိပညာပေး​​ဟော​ပြောပွဲ ဆောင်ရွက်

ဝါးခယ်မ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးစေရန်အတွက်​ ..က (ဝဲကြီး) ကျောင်းသို့ သွားရောက်၍ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ​မန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ကျောင်းသား​၊ ကျောင်းသူများ (၃၀၀) ကျော်တက်ရောက်ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးအောင်မိုးကဘေးအန္တရာယ်ကင်းသည့် အစားအသောက်များရွေးချယ်စားသောက်ကြရန်နှင့် ဆိုးဆေးအန္တရာယ်များအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူနှင်းဖွေးက မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်း​​စေရန် အားကစားသိပ္ပံကျောင်း တက်နိုင်စေရန် အသိပညာပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်က မျိုးချစ်စိတ်ဓာတ်ရှိရန်၊ အောင်မြင်သူများဖြစ်ရန် စာဖတ်ကြစေချင် ခေါင်းစဥ်များဖြင့်ဟောပြောခဲ့ကြပြီး ကျောင်းသားကျောင်းသူများက “စာအုပ်စာပေလူ့မိတ်ဆွေ” ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ စာဖတ်သည့်အလေ့အကျင့်များနှင့် ဗဟုသုတရှိစေရန် သုတ၊ ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်ဗီနိုင်းတို့ကို ပြသခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ​​ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် ကျောင်းမုန့်စျေးတန်းကိုလည်း အန္တရာယ်ကင်းသည့်မုန့်များရောင်းချနိုင်ရေး ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ရီရီလွင်(ပြန်/ဆက်)