ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ ဇာတ်တိုက်လေ့ကျင့်

ဘိုကလေး ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့ညနေ (၃)နာရီခွဲအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြရာသို့ ဘိုကလေးမြို့မရဲစခန်းမှူး၊ ဒုရဲမှူးကျော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်က မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေးဟောပြော၍ ဆီမီးလောင်မှုအား မီးသတ်ဆေးဗူးအပါအဝင် အခြားသောနည်းလမ်းများဖြင့် မီးငြိမ်းသတ်နည်းတို့အား သရုပ်ပြ၍ ဇာတ်တိုက်လေ့ကျင်ရာသို့ တက်ရောက်လာကြသူများနှင့်အတူ ဇာတ်တိုက်လေ့ကျင့် လက်တွေ့မီးငြိမ်းသတ်စေခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)