သတင်းများ

မုဒုံမြို့၌ ရော်ဘာအရည်အသွေး တိုးတက်လာရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
Jan 18,2025
မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ရော်ဘာအရည်အသွေး တိုးတက်လာရေးအတွက် မုဒုံမြို့နယ်ရှိ MSR စက်ရုံများနှင့် ရော်ဘာကုန်ကြမ်း အဝယ်ဒိုင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက  ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။
မြစ်သားမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်​ခြင်း နံရံကပ်စာစောင်၊ စာအုပ်စာစောင်များ ပြပွဲကျင်းပ
Jan 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေသူဌေး (အ.မ.က) ကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်​ခြင်း နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများ ပြသခဲ့သည်။
ဒေါပုံမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်
Jan 18,2025
လူငယ်ဟူသည် အနာဂတ်နိုင်ငံတော်၏ တန်ဖိုးထားအားကိုးရမည့် အဖိုးတန်အရင်းအမြစ်များ ဖြစ်သည့်အားလျော်စွာ လူငယ်ကဏ္ဍကို နိုင်ငံတော်မှ ဘက်ပေါင်းစုံမှ ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နှင့် တာဝန်ရှိသူများက ဟိုပုံးမြို့နယ်ရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီး
Jan 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာနှင့် စံဖူးကျေးရွာရှိ ဘိန်းစိုက်ခင်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊  အ.ထ.က(ခွဲ)(သစ်တိုဆိပ်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်တိုဆိပ်ကျေးရွာရှိ အ.ထ.က(ခွဲ) ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၁၉)အခြေခံပညာ မူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း အချိန်က အဆိုပါကျောင်းအားကစားကွင်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာဟောပြောပွဲအား ယမန်နေ့ (၁၀)နာရီအချိန်က ဝါးရခိုင်ကျေးရွာနှင့် နေ့လည် (၁)နာရီအချိန်က သစ်တိုဆိပ်ကျေးရွာတို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ ကျင်းပသည်။
ကြံခင်းမြို့ အ.ထ.က(၁)ကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆရာ မိဘ တွေ့ဆုံဆွေးနွေး
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆရာ မိဘတွေ့ဆုံဆွေးနွေးကြသည်။