ကျောက်ဆည်တက္ကသိုလ်၌ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jan 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအတွင်းရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ကချုပ် ဒေါက်တာရီရီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲ့ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ မိဘများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။