ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်း (ခွဲ) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ကြို့ပင်ကောက်  ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က (ခွဲ) ကျာင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်များပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြာင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးအကြာင်း အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများ လေ့လာသိရှိနိုင်စေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်တို့ကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

အ.ထ.က(ခွဲ) ကျွန်းကုန်းကြီးကျောင်းတွင်ကျောင်းသား၊ ကျောင်းသူ ၃၁၇ ဦးအား ဆရာ၊ ဆရာမ ၂၅ ဦးမှ ပညာသင်ကြားပေးနေကြောင်း ဖေဖော်ဝါရီလ ပထမပတ်တွင် ကျောင်းသား၊ ကျောင်းသူ လေးများ စကားပြောဆိုရာတွင် ကျွမ်းကျင်လိမ္မာစွာ ပြောတတ်‌‌စေရန် လူငယ်အချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)