ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဆောင်ရွက်
Jan 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ ဖြစ်ပွားလာပါက အမြန်ဆုံးမီးငြိမ်းသတ်နိုင်ရေးနှင့် မီးလောင်မှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်များ၊ ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။