သတင်းများ

မဲခေါင် - လန်ချန်းစီမံကိန်းဖြင့် အရည်အသွေးကောင်း တစ်သျှူးကြံ​သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆွေးနွေးပွဲနှင့်ကွင်းသရုပ်ပြပွဲ ဆက်လက်ကျင်းပ
Jan 18,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကြံစိုက်တောင်သူများအား ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆွေးနွေးပွဲနှင့်ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကင်ပွန်းတောင်ကျေးရွာ၊ တောင်သူ ဦးထိန်ဝင်း၏ ကြံစိုက်ကွင်းတွင် ပြုလုပ်ခဲ့ပြီး ကြံသီးနှံကျွမ်းကျင်ပညာရှင်များက ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သတ်၍ နည်းပညာများ ဆွေးနွေးပြောကြားခဲ့သည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 18,2025
စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စစ်ကိုင်းပညာရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု ကြည့်ရှုအားပေး
Jan 18,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှုအားပေးကြသည်။
ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jan 18,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကော်မတီမှ ကြီးမှူးကျင်းပသည့် အထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီ (၁၇)ရက်နေ့ နံနက် (၉)နာရီခွဲက စတင်ကျင်းပကြောင်း သိရသည်။
ငပုတောမြို့၌ Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးပွဲပြုလုပ်
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
​​​​​​​အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းသေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင် (Book Club) အဖွဲ့ဝင်များနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာကျူးစံ ရေးသားသည့် “အငုံပွင့်နှင့်တစ်ပါး‌‌လျှော့သခင်ရသ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။ ‌
တိုက်ကြီးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ်၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြသည်။
သာစည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့် နွေစပါးစံပြကွက် စိုက်ပျိုးမည့်နေရာတို့အား ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jan 18,2025
မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့် နွေစပါးစံပြကွက် စိုက်ပျိုးမည့်နေရာတို့အား ဇန်နဝါရီ ၁၆ ရက်က ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။