မြဝတီမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မြဝတီ ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ မြဝတီခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ()နာရီက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထွန်း၊ ခရိုင်စက်မှုကြီးကြပ်ရေးဦးစီးဌာနမှကြီးကြပ်ရေးမှူး ဦးနေကျော်နှင့် မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်စိုးတို့ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့အတွင်းရှိ လက်ဘက်ရည်ဆိုင်များတွင် လုပ်ကိုင်နေသော ကလေးအလုပ်သမားများသည် အသက် (၁၄)နှစ် မပြည့်သူများဖြစ်ပါက ခိုင်းစေ၍မရကြောင်း၊ အလုပ်လုပ်ကိုင်ရာတွင်လည်း အသက် (၁၄)နှစ်နှင့် (၁၆)နှစ်ကြား အရွယ်များသည် ပေါပါးသည့် အလုပ်များသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချိန် လုပ်အားခရရှိမှု ရှိ/မရှိ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေအရ ကလေးအလုပ်သမားများ၏ အသက် သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားတစ်ဦး ရရှိရမည့်အခွင့်အရေး၊ ကလေးအလုပ်သမားများ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သော အလုပ်များ ခိုင်းစေခြင်းမပြုကြရေးတို့ကို အသိပညာပေး ရှင်းလင်းပြောကြားပေးပြီး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)