တိုက်ကြီးမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် Grade (9) သင်ယူပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အဖျောက်မြို့တွင် အခြေခံပညာအလယ်တန်းဆင့် Grade (9) သင်ယူပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(အဖျောက်) ငုချယ်ရီခန်းမတွင် ကျင်းပသည်။

ဉီးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသူအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ အစိုးရနည်းပညာကျောင်း (ရွာမ) ကျောင်းအုပ်ကြီး ဦးဇေယျအောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာသိမ့်သဉ္ဇာရွှေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးနိုင်တို့က စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးနည်းပညာ၊ အတတ်ပညာဆိုင်ရာ အသိပညာပေးဆွေးနွေးသည်။

အဆိုပါ အခြေခံပညာအလယ်တန်းဆင့် Grade (9) သင်ယူပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာအသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်ဆက်)