သတင်းများ

တာမွေမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့ သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့တွင် သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲ ကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတ္တိ စာသင်တိုက်တွင် သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၂)နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်း သိရှိရသည်။
မိုင်းခုတ်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံ​တေးမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပသီကျေးရွာအုပ်စု၊ ပသီကျေးရွာတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အသက် ၁၈ နှစ်အထက်နိုင် မရှိသူများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ပသီကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး
Jan 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တတိယ(၃)လပတ် (ဧပြီလမှ ဒီဇင်ဘာလကုန်အထိ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းပေါင်း ၃၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခွဲဆည်မြောင်းရုံး၊ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြပွဲ ကျင်းပ
Jan 18,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခွဲဆည်မြောင်းရုံး၊ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့်ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က အဆိုပါဌာနရှိ စက်မှုလုပ်ခွင်သင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်လုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း (ဝမ်လုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမအကြိမ် မွေးမြူရေးဒီပလိုမာ (ဟဲဟိုး) အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ ဟဲဟိုး၏ နဝမ/သတ္တမအကြိမ်မြောက် မွေးမြူရေးဒီပလိုမာ (ဟဲဟိုး/ဒီးမောဆို)နှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာ(ဟဲဟိုး) အောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ ဟဲဟိုးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။