မိုင်းပျဉ်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတ္တိ စာသင်တိုက်တွင် သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၂)နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်း သိရှိရသည်။
ရှေးဦးစွာ သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်သံဃမဟာမဟာနာယက ဆရာတော်၊ ကျောင်းလုံပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော်နှင့် ဂေါပကလူကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် သံဃာတော်များက ပရိဝါသ်ဆောက်တည်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၁၇−၁−၂၀၂၅) ရက်နေ့မှ (၂၈−၁−၂၀၂၅)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး၊ ယနေ့နံနက်ပိုင်းတွင် အာရုံဆွမ်းသွားရောက်ဆက်ကပ်သူများ၊ ဆီမီးထွန်းညှိဆုတောင်းသူများ၊ အလှူငွေသွားရောက် ထည့်ဝင်လှူဒါန်းသူများနှင့် စျေးရောင်းစျေးဝယ်များဖြင့် လွန်စွာစည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)