သတင်းများ

ကသာခရိုင်၌ စာဖတ်ဝိုင်းကျင်းပ
Jan 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ မောင်ကျေးဇူးရေးသားသည့် “ ကိုယ့်ကိုယ်ကို နှိမ့်ချမာန်မာနကင်းမှုအနုပညာ”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် စိုက်ခင်းအမျိုးမျိုးအတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် ပျိုးပင်မျိုးစုံပျိုးထောင်ထားရှိ
Jan 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးနှင့် စိုက်ခင်းအမျိုးအမျိုးအတွက် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် မဲဇလီ၊ ဒဟတ်၊ ဖျောက်ဆိပ်၊ သင်္ဘောကုက္ကို၊ ယူကလစ်၊ တမာ စသည့် ပျိုးပင်မျိုးစုံပျိုးထောင်ထားရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် လုပ်ငန်းလမ်းညွှန်သင်တန်းပြုလုပ်
Jan 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် “နိုင်ငံတစ်ဝန်းလုံး၌ အသက် (၁)နှစ်မှ(၅)နှစ်အရွယ်ကလေးများကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း(Phase II) မြို့နယ်အဆင့် လုပ်ငန်းလမ်းညွှန်သင်တန်း”ကို ယမန်နေ့က ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပ
Jan 19,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်မွေးမြူ‌ရေးလုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်စေရန် သင်တန်းများဖွင့်လှစ်ပြီး မွေးမြူရေးလုပ်ငန်းနှင့် အအေးခန်းစက်ရုံစစ်ဆေး
Jan 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်မွေးမြူ‌ရေးလုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်စေရန် သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့က မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ရေထွက်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရေးအတွက် မွေးမြူရေးလုပ်ငန်းများနှင့် အအေးခန်းစက်ရုံများကို ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းကြည့်ရှု၊ ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Jan 19,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ) စံပြစိုက်ခင်း ကြည့်ရှုအားပေးခဲ့ပြီး ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် စာအောင်သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စူဋ္ဌဘွဲ့နှင်းသဘင်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူ
Jan 19,2025
သာသနာတော်နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွားထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြု
Jan 19,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (အင်္ဂလိပ်စာနှင့်သင်္ချာ)စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။