မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်လုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း (ဝမ်လုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု (ဝမ်လုံ) ကျေးရွာ​ကျောင်း အကျိုး​တော်​ဆောင် ဥက္ကဠ ဦးလီ​ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (A) အဆင့်ဖြင့် အောင်မြင်သော စတုတ္ထတန်းမှ KG တန်းအထိ ဆုရရှိသော ကျောင်းသား၊​ ကျောင်းသူများအား မိုင်းခုတ်မြို့ မိုင်းလုံး​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး ဦးအိုက်လူ၊ အခြေခံပညာမူလတန်းလွန်ကျောင်း (မိုင်းလုံး) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်​ဌေးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ် ချီးမြှင့်ခဲ့ကြပြီး အ.မ.က(ဝမ်လုံ) မှ တာဝန်ခံဆရာမ​ ဒေါ်​လွေး​ရွှေရည်ဖြိုးက ကျောင်းအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပေဒသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်လွင်ဌေး(ပြန်/ဆက်