တွံ​တေးမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်

တွံတေး ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပသီကျေးရွာအုပ်စု၊ ပသီကျေးရွာတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အသက် ၁၈ နှစ်အထက်နိုင် မရှိသူများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ပသီကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဒေါ်အိအိဖြိုးပါ ဝန်ထမ်းနှစ်ဦးမှ ပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် အသက် ၁၈ နှစ်အထက်နိုင်မရှိသူများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိနိုင်စေရန်နှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့်စာရွက် စာတမ်းအထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/လက်ရှိ ဒေသတွင်ရှိခြင်း၊ နေထိုင်မှုပုံစံများအလိုက်ဆောင်ရွက်ပေးရမည့် အမျိုးအစား (၄) မျိုး၊ နိုင်ငံသားစိစစ်ရေကတ်ပြား ကိုင်ဆောင်ခြင်းအားဖြင့် ပြည်သူများအနေဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည့်ဖြစ်ကြောင်း သိရသည်။

တွံတေးသား