သတင်းများ

မိုင်းငေါ့မြို့တွင် ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာ စေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များသွားရောက် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိး​ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး (၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဒိုးတန်း အုပ်စု၊ ဒိုးတန်းကျေးရွာ၊ နန္ဒဝန်ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Sep 26,2022
ကျောင်းသား/သူများ စာပေဗဟုသုတရှာမှီးတတ်စေရန်၊ စာပေဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေ၏အကျိုးကျေးဇူးများကို ဆွေးနွေးတတ်စေရန်၊ စာကြည့်တိုက်ကိုအသုံးပြု၍ စာပေလေ့လာဖတ်ရှုတတ်စေရန်၊ စာဖတ်ရှိန်များမြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မောင်ခင်မင်(ဓနုဖြူ)၏"အမွေခံတစ်ယောက်၊ အမွေပေးသူတစ်ရာ"အမည်ရှိလူငယ်နှင့်ပညာဆိုင်ရာစာစုစာအုပ်မိတ်ဆက်ပွဲကို ယနေ့နံနက် ၁၀နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းအဆင့် (KG မှ Grade-5) ကျောင်းသား၊ ကျောင်းသူ(၅၁၂)ဦးအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး
Sep 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိကို ယနေ့တွင် မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ခရိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင် မိသားစုများမှ လူမှုရေးလုပ်ငန်းများဖြင့် ကြိုဆိုဂုဏ်ပြု
Sep 26,2022
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ လူမှုရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးခြင်းနှင့် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 26,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးခြင်းနှင့် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ကြို့ပင်ကောက်မြို့ မြို့လယ်ချောင်းတောင်သူ ပညာပေးစခန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဈေးများတွင် Hand Speaker ဖြင့် သတိပေးနှိုးဆော်ခြင်းဆောင်ရွက်
Sep 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကင်းမြို့နယ်အတွင်းရှိ စျေးများအတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ သတိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ နံနက် ၉:၀၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။