မိုင်းငေါ့ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များသွားရောက် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကလေးများ စိတ်ဝင်စာမည့်ရုပ်ပြ စာအုပ်များကို တစ်ဦးလျှင်(၁)အုပ် နှုန်းငှားရမ်းပေးခဲ့ပြီး Mobileစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူ့များထံသို့သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)