မလှိုင်မြို့နယ် ထန်းတော(အ.လ.က )ကျောင်း၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်
Sep 26,2022
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများဒေသခံပြည်သူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေပြီး သန့်ရှင်းသာယာလှပ စေရန်ရည်ရွယ်ချက်များဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့် ရှင်းရေးများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထန်းတောကျေးရွာ အုပ်စုရှိ ထန်းတော အ.လ.က ကျောင်း၌ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။