မိုင်းလုံမြို့တွင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မိုင်းလုံ  စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းအဆင့် (KG မှ Grade-5) ကျောင်းသား၊ ကျောင်းသူ(၅၁၂)ဦးအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်_၁ ဆရာဦးမြစိုး ဦးဆောင်သည့် အဖွဲ့ဝင်တို့ဖြင့် ကျောင်းသား/သူများအား တစ်ကိုယ်ရည် သန့်ရှင်းရေးများ စစ်ဆေးခြင်း၊ အရေပြားရောဂါများစစ်ဆေးခြင်း၊မျက်လုံး အမြင်အာရုံများ စစ်ဆေးခြင်း၊ နား၊ နှာခေါင်း၊ လည်‌ချောင်း၊ လည်ပင်း ရောဂါများစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးခြင်း၊ နှလုံး‌ရောဂါရှိ/မရှိစစ်ဆေးခြင်း၊ အခြားရောဂါလက္ခဏများရှိ/မရှိစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာ ကျောင်းဆရာ/ဆရာမများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်ထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)