ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂၆
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ လူမှုရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် လူမှုရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ကြာအင်းဆိပ်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းဇော်ဟန်နှင့် အရာရှိအရာခံ ရဲတပ်ဖွဲ့မိသားစုဝင်များမှ ကုတင်(၅၀)ဆန့် မြို့နယ်ပြည်သူ့ ဆေးရုံအရှေ့၌ ပြည်သူ့ဆေးရုံအား သန့်ရှင်းသာယာလှပစေရေး ခြင်နှင့်ယင်များ မခိုအောင်းနိုင်စေရေးအတွက် မြက်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်များကောက်ယူ သိမ်းဆည်းပြီး စနစ်တကျသယ်ဆောင်စွန့်ပစ်ခြင်းလုပ်ငန်းများအား ခရိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များမှ အတူတကွ စုပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)