စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိး​ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကျောင်းကုန်း စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး (၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဒိုးတန်း အုပ်စု၊ ဒိုးတန်းကျေးရွာ၊ နန္ဒဝန်ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး (၅)​ကြောင်းသည် ဒိုးတန်းအုပ်စုရှိ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင် (၄၉)ဦးနှင့် ပြည်သူ(၁၀၄)ဦး စုစု‌ပေါင်း (၁၅၃)ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာနေ ပြည်သူများ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေး အတွက် မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဆိုင်ကယ်ဦးထုပ်များဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက် ပိုမစီးရေး စသည့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန် အသိပညာ ပေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး သိရှိလို သည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ထို့နောက် ညနေ ၃ နာရီ အချိန်ခန့်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လကျော်သူ (၁၅)ဦးအား ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)