မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး

မိုင်းယောင်း စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိကို ယနေ့တွင် မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

စည်ပင်သာယာရေးဌာန မြို့နယ်ဦးစီးမှူး ဦးအားထူယာနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးတို့က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း အသိပညာပေး ဆွေးနွေး ခဲ့သည်။

စိုင်းအောင်ဇော်လင်း