ကသာမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇)နာရီအချိန်က ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဧရာရွှေလီအားကစားခန်းမရှေ့တွင် ရောင်းချပေးခဲ့သည်။