သတင်းများ

သာယာဝတီမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်
Sep 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် Mask Campaign ပြုလုပ်ခြင်းများကို နေ့စဉ်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံများ ပေးအပ် လှူဒါန်း
Sep 26,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မုဒုံမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ PPE Level (3) များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပသည်။
သဲကုန်းမူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 26,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ ခုနှစ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ရှေးဦးစွာလူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ပြိုင်ပွဲကျင်းပခြင်းရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားသည်။
ပုသိမ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာ၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တိုက်ကုန်းရပ်ကွက်၊ အခြေခံပညာအ လယ်တန်းကျောင်းခွဲ(မ-၂)၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  
ကရသူရိမြို့တွင် ပိန်းဥ ဈေးကောင်းရရှိသဖြင့် တနိုင်တစ်ပိုင် ဥစားပိန်းစိုက်ပျိုးသူများလာ
Sep 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင်  ပိန်းဥဈေးကောင်းရရှိသဖြင့် ဒေသခံအများစုက တနိုင်တစ်ပိုင် ဥစားပိန်းကို စိုက်ပျိုးသူများလာကြောင်း သိရသည်။
ကျုံပျော်မြို့၊‌ အောင်ဆန်းရပ်ကွက်အတွင်းရှိ အခြေခံ အိမ်ထောင်စု(၁၂၀)အတွက် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ
Sep 26,2022
အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာရရှိ၍ ပြည်သူများ စားဝတ်နေရေး တစ်ဖက် တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က စီမံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က အောင်ဆန်းရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၂၀)အတွက် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး
Sep 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။