သတင်းများ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Sep 26,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ ဆောင်းနေကြာသီးနှံစိုက်ခင်းများ လျာထားဧကပြည့်မီရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျိုက်လတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွတ်ခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Sep 26,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအချင်းချင်း အတွေးအမြင် ဗဟုသုတများ မျှဝေနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club၊ Book Club တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်ဖြင့် သွားလာသူများအား နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေ
Sep 26,2022
မကွေးတိုင်းဒေသကြီးသရက်မြို့ အနောက်ဈေး၌ ဈေးရောင်းဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉) နာရီက အနောက်ဈေးရှေ့ မင်းတုန်းလမ်းမပေါ်တွင် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ကျေးရွာများအရောက်ဆောင်ရွက်
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကျေးရွာအုပ်စု(၁၄)စုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာတို့က‌ ကျေးရွာများသို့ သွားရောက်ဆောင်ရွက် ပေးလျက်ရှိကြသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask ဖြန့်‌ဝေခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်း ​တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Sep 26,2022
ကရင်​​ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီချိန်က အမှတ် (၁) ရပ်ကွက်အခြေခံပညာအထက်တန်း​ကျောင်း(ချောင်းတောင်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ရောင်စုံစက္ကူခေါက်ပြိုင်ပွဲကျင်းပ
Sep 26,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ ရောင်စုံစက္ကူ ခေါက်ပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။