သတင်းများ

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉  အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်
Sep 26,2022
ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   ရှမ်းရွာသစ်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် မျိုးကွဲ B.4 , B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူး ပေါင်း၍  စာရေးဆရာအောင်သင်းရေးသားထားသည့် “ပညာနှင့်ကန်တေ့ာခြင်း ’’စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် လူစည်ကားသည့်နေရာများ၌ Mask Campaign ဆောင်ရွက်
Sep 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)ခွဲနာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် အမှတ်(၅၃၄) ခြေမြန်တပ်ရင်းမှ တပ်ရင်းမိသားစုဝင်များက အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေး
Sep 26,2022
အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အမှတ် (၅၃၄) ခြေမြန်တပ်ရင်းမှ တပ်ရင်းမိသားစုဝင်များက မြို့နယ်နေပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်မှစတင်၍ ၁၀ နာရီအချိန်အထိ အမှတ် (၁၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့သည်။
မြိတ်မြို့နယ်လုံးကျွတ် သီလရှင်(၅၅၇)ပါးတို့အား ဝတ်ရုံနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အလှူတော်ငွေ(၃၉၈)သိန်းလှူဒါန်းပွဲကျင်းပ
Sep 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းအသီးသီးတို့မှ ဘာသာသာသနာကို အကျိုးပြုနေသည့် သာသနာ့အနွယ်ဝင်သီလရှင်ပေါင်း(၅၅၇)ပါးတို့အား “အေးအေးချမ်းချမ်းနဲ့ သာသနာပြုနိုင်ဖို့၊ ဘာသာရေးလုပ်ငန်းမှာ စိတ်ဝင်တစားနဲ့ ပျံ့ပွားလာစေဖို့အထောက်အပံ့ပြုပေးရန်”ရည်ရွယ်လျက် ဦးမောင်တိုး-ဒေါ်သန်းသန်းယု(ရန်ကုန်မြို့-ယုဇန) အလှူရှင်မိသားစုမှကြီးမှူး၍ မြို့နယ်လုံး ကျွတ်သီလရှင် ဝတ်စုံများနှင့် ဆန်အပါအဝင် အသုံးအဆောင်ပစ္စည်းမျိုးစုံပါသည့် ဆွမ်း-ဆန်စိမ်းလောင်လှူပွဲကို မြိတ်မြို့-တပ်ပြင်ရပ် ကွက်၊ ရွှေကျင်တိုက်-သီလရှင်ကျောင်းဝင်းအတွင်း ၁၃၈၄ခုနှစ်၊သီတင်းကျွတ်လဆန်း(၁)ရက် စက်တင်ဘာလ၂၅ရက်နေ့ နံနက် ၉နာရီအချိန်က (ပထမ)အကြိမ်အဖြစ် ထူးခြားစွာ ကျင်းပရာ အလှူရှင်များနှင့်အတူ ဖိတ်ကြားထားသော စေတနာရှင်/အလှူရှင်များ/လူမှုအဖွဲ့အစည်းအသီးသီးမှ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများဘဝတိုးမြင့်မားရေး အသိပညာပေး Talk Show ဆောင်ရွက်
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများဘဝ တိုးတက်မြင့်မားရေး အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေး Talk Show ကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ဧည့်မထဆန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက မြို့နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံ စေရေးနှင့် စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့်
ကျိုက်လတ်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အားကြည့်ရှုစစ်ဆေး
Sep 26,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂ဝ၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံသိဝ ကျေးရွာအုပ်စု၊ အလန်းဒွတ်ကျေးရွာတွင် ငွေကျပ်သိန်း (၁၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းအား စက်တင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုစစ်ဆေးခဲ့သည်။