သတင်းများ

(၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Sep 26,2022
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော လင်းခေးခရိုင် ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က မိုင်းပန်မြို့ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မြို့မရှိ ချယ်ရီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 26,2022
မြေပြင်တွင်အမှန်တကယ်ဓါတ်ပုံပညာများကို နားလည်ပြီး ခေတ်နှင့်အညီ ဓါတ်ပုံရိုက်ကူး တည်းဖြတ်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉:၀၀နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး
Sep 26,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ရပ် ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Sep 26,2022
နင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု စတင်တွေ့ရှိလာပြီ ဖြစ်သောကြောင့် ကိုဗစ်ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အာဇာနည်လမ်း၊ စည်ပင်သာယာစျေးကြီး အရှေ့ဘက်တွင် ခရီးသွားလာအများ ပြည်သူများအား ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်
Sep 26,2022
မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နေ့လယ် ၂ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ် နှစ်ကျိပ်ရှစ်ဆူဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြေသန့်မင်္ဂလာ အန္တရာယ် ကင်း ကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ်ခြင်းပြုလုပ်
Sep 26,2022
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွာသစ်ရပ်ကွက်ရှိ နှစ်ကျိပ်ရှစ်ဆူ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြေသန့်မင်္ဂလာ အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ်ခြင်းကို ယမန်နေ့  ညနေ (၄) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တန်ဘိုးထားထိန်းသိမ်းဖို့ရာ မြန်မာ့ရိုးရာပန်းဆယ်မျိုးပညာ
Sep 26,2022
မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုအမွှေအနှစ်များ၊ သုခုမလက်မှုအနုပညာ လက်ရာများ၊ အဖိုးတန်သယံဇာတများ ပေါကြွယ်ဝသော ကျွန်တော်တို့မြန်မာနိုင်ငံသည် ကမ္ဘာနိုင်ငံများ အလယ်တွင် ထင်ရှားပေါ်လွင်နေသော နိုင်ငံဖြစ်သည်။