ရန်ကင်း စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကင်းမြို့နယ်အတွင်းရှိ စျေးများအတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ သတိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၉:၀၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရန်ကင်းမြို့နယ်အတွင်းရှိ စျေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ စည်းကမ်းပါညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိစေရေး Hand Speaker ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးစစ်ကြောင်းမှ ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်စည်ပင်တို့ပူးပေါင်း၍ အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရန်၊ တစ်ဦးချင်းအလိုက် မိမိတို့၏ကျန်းမာရေးအသိစိတ်တို့နှင့်အညီ ကိုဗစ်စည်းကမ်းများအတိုင်း သွားလာနေထိုင်ကြရန် လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်မှုများကို စျေးသွားစျေးလာ ပြည်သူများသိရှိစေရန် နှိုးဆော်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)