ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယာဉ်ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်များအား သတ်မှတ်နှုန်းထားအတိုင်း မောင်းနှင်ရေး ပညာပေးခြင်း ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် စည်းကမ်းပျက်ယာဉ်များ ဦးထုပ်မဆောင်း ဘဲ ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူရန်နှင့် ခရီးသွားယာဉ်ပေါ်၌ စီးနင်းလိုက်ပါသူများအား မှတ်ပုံတင်စစ်ဆေးခြင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ပုသိမ်-မုံရွာ ကားလမ်းမ မြို့အဝင်တို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။