ပြည် အောက်တိုဘာ ၁၁
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်၊ ယမန်နေ့ညနေ ၆ နာရီတွင် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား ဆီးမီး(၉၉၀၀) မီးပူဇော်ပွဲကျင်းပရာ စေတီတော်ရင်ပြင်၌ ဒေသတွင်းနှင့်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဆီမီး(၉၉၀၀)ပူဇော်ရာတွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်သော ဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက မင်္ဂလာအချိန်ညနေ ၆ နာရီ ၁၂ မိနစ်အချိန်တွင် စေတီတော်ရင်ပြင်ပတ်လည် မွေးနံထောင့်အသီးသီးနေရာများ၌ ဓမ္မစကြာပုံ၊ ကြာပန်းပုံ၊ ကနုတ်ပန်းအလှပုံများနှင့်စာတန်းအလှပုံများကို ဆီမီးခွက်ပေါင်း(၉၉၀၀)ဖြင့်ပုံဖော်၍ စေတီတော်မြတ်ကြီးအား ကုသိုလ်ပြုစုပေါင်း မီးပူဇော်ကြကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)