သတင်းများ

တနင်္သာရီမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း
Oct 11,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော်များ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ကုလားပဲနှင့် ဆားများကို ဆက်ကပ်လှူဒါန်းပေးကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ဆီထွက်သီးနှံ(နေကြာ)တစ်ဧက အထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်
Oct 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံ(နေကြာ)စိုက် တောင်သူများ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ် သရက်လိန်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းဆောင်ရွက်
Oct 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သရက်လိန်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံက်ပိုင်းက ရိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး ပြိုင်ပွဲများပြုလုပ်
Oct 11,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာလာရောက် အသုံးချတတ်စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Oct 11,2022
၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေပိုင်းက ပဲခူးခရိုင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Oct 11,2022
ပဲခူးတိုင်းဒေသကြ၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့လယ်လမ်းမကြီးတစ်လျှောက် ဆွမ်းလောင်းစုရပ်အသီးသီး၌ ကျင်းပလောင်းလှူကြသည်။
ကရသူရိမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့အထိ ဘုရားဖူးသူများနှင့် ဆီမီးပူဇော်သူများဖြင့် စည်းကား
Oct 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ယမန်နေ့ သတင်းကျွတ်လပြည့်ကျော် (၁) ရက်‌နေ့အထိ ဘုရား/ကျောင်းကန်နေရာများ၌ ဘုရားဖူးသူများနှင့် ဆီမီးပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။
မိုင်းဆတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ
Oct 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက စာရေးဆရာအောင်ကိုဦး (UMK)၏ “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။