သတင်းများ

ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့အဝင်၊ အထွက် ကြိုဆိုပါ၏လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ပင်လောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Oct 11,2022
ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာမှု ပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်ဝါသနာရှင်များထံ သွား​ရောက် ငှားရမ်းပေးလျက်ရှိသည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Oct 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေဖြင့် ကျေးရွာတွင်းမြေသားအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကာမိုင်းမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသော မြို့လုံးကျွတ်ဆွမ်းဆန်တော် လောင်းလှူပွဲနှင့် အင်းတော်ချောင်းတွင် ဆီမီး (၁၀၀၀) မီးမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 11,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသော မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲနှင့် အင်းတော်ချောင်းတွင် ဆီမီး (၁၀၀၀)မီးမျှောပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပင်းတယမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ည ဆီမီးထွန်းညှိပူဇော်ခြင်းနှင့်မီးပုံးပျံများ လွှင့်တင်၍ သီတင်းကျွတ်ပွဲတော်ကျင်းပ
Oct 11,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ယမန်နေ့ညက မိမိတို့ရပ်ကွက်ရှိ စေတီတော်များတွင် ဆီးမီးထွန်းညှိပူဇော်ခြင်းနှင့်မီးပုံးပျံများ လွှင့်တင်ခြင်းများကို ဒေသခံတိုင်းရင်းသားပြည်သူများမှ သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပခဲ့သည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Oct 11,2022
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရေးကို မျှော်တွေး၍ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
မချမ်းဘော့မြို့ (Community Centre) တွင် စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Oct 11,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ (Community Centre) ခန်းမ၌ စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Oct 11,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာ ရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်အား ဖတ်ရှုဆွေးနွေးသည့်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက လူထု အခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။