ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို အောက်တိုဘာလ(၁၁) ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ အမှတ်(၁) ရပ်ကွက်၊ ဖျာပုံတံတားကြီးအောက်၊ ချောင်းတွင်းလမ်းမကြီးဘေး နှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။