ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ရေကြည် အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယာဉ်ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊   ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်များအား သတ်မှတ်နှုန်းထားအတိုင်း မောင်းနှင်ရေး ပညာပေးခြင်း ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် စည်းကမ်းပျက်ယာဉ်များ ဦးထုပ်မဆောင်း ဘဲ ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူရန်နှင့် ခရီးသွားယာဉ်ပေါ်၌ စီးနင်းလိုက်ပါသူများအား မှတ်ပုံတင်စစ်ဆေးခြင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ပုသိမ်-မုံရွာ ကားလမ်းမ မြို့အဝင်တို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ရေကြည်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်း ပပျောက်စေရေး အတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ် ပြီး မောင်းနှင်ရန်၊ မော်တော် ဆိုင်ကယ်မောင်းနှင်ရာတွင် လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး တပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက် တင်၍မစီးရန်၊ ဘက်မှန်တပ်ဆင်ကြရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန်စသည့် လိုက်နာရမည့် စည်းကမ်းအချက်များ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ပြောကြား ခဲ့ပြီး ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)