ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် Mask Campaign လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 11,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်ကြောင်းကြီး ၅ ကြောင်းမှ လူမှုရေးအဖွဲ့ခေါင်းဆောင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲက မြို့မဈေးကြီးလမ်းဆုံနှင့် လမ်းမတစ်လျှောက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရေး Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။