ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး
Oct 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ လူနေမှုဘဝ နေ့စဉ်စားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။