မိတ္ထီလာ အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာတွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား (၇)ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက်က အဆိုပါကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင် ရွက်လျက်ရှိသည့် ကန်နီကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ တွင် (၇) ကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေးခြင်းကို မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များက ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၁ ဦးအား ထုတ်ချေးငွေ ကျပ် ၄၈.၉ သန်းကို ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်း ရောင်စီမံကိန်းရန်ပုံငွေ သိန်း (၃၀၀)ကို ဆပ်/ထုတ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)