ကျောင်းကုန်း အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာ တောင်သူ ဦးအုန်းသိန်း၏ လယ်မြေ၊ ကွင်းအမှတ် ၃၆၂၊ ဦးပိုင်အမှတ် ၁၃/၉၊ စိုက်ဧက(၁၀)ဧက အနက် ၀.၁၀ ဧက၌ ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူးယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဌေး၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ ဆင်းသုခမိုးစပါး တစ်ဧကလျှင် အစို (၁၁၆.၂၀)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)