သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ် လက်ရွေးစင်အသင်းအား လေဆိပ်၌ သွားရောက် တွေ့ဆုံအားပေး
Oct 10,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်၌ လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မြစ်ကြီးနားမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများနှင့် မီးထွန်းပွဲတော်တို့တွင် ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်လည်ပတ်အပန်းဖြေသူများအား စတုဒီသာဖြင့် ကုသိုလ်ပြု
Oct 10,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါနေ့)တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများ၊ ပြည်သူ့ရင်ပြင်အတွင်းရှိ မီးထွန်းပွဲတော်သို့ လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် စည်းကားလျက်ရှိရာ ယမန်နေ့ ည ၆ နာရီမှ စတင်၍ အဆိုပါ လူစည်ကားရာနေရာများတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများနှင့်အတူ စတုဒီသာဖြင့် ကုသိုလ်ပြုကျွေးမွေးခဲ့ကြသည်။
ဟင်္သာတမြို့နယ်၌ ပန်းခင်းစီမံချက်၂ ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Oct 10,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ၂ ဖြင့် ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ်   ကရင်အင်း ကျေးရွာ အုပ်စု ကရင်အင်း အလယ်တန်းကျောင်း၌ ကျင်းပခဲ့​သည်။ 
ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၃၂)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်းရွတ်ဖတ်ပူဇော်
Oct 10,2022
ဗုဒ္ဓမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှလူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူပုံကို အာရုံပြု၍ (၃၂)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၅ နာရီခန့်က ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကျင်းပသည်။
လွိုင်လင်မြို့၌ (၉၃) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Oct 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ၁၃၈၄ ခုနှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ ယနေ့မွန်းလွဲ ၁ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မိန်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပခုက္ကူမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်းကား
Oct 10,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ အစဉ်အလာမပျက် ဆီမီးထွန်းညှိပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
ကွန်ဟိန်းမြို့၊ မဟာကမ္ဘောဇပြည်ငြိမ်းအေး စေတီတော်၌ ဆီမီးတစ်သောင်းထွန်းညှိ ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Oct 10,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲအား (၁၃၈၄ ခု၊ သီတင်းကျွတ်လပြည့်နေ့၊ ညနေ (၆) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံမမြို့ရှိ ဘုရား၊ စေတီပုထိုးများ၌ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုသူများဖြင့် စည်ကား
Oct 10,2022
ယမန်နေ့ ညပိုင်းတွင် သရက်ခရိုင် ကံမမြို့ရှိ  ဘုရားစေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။